Instructor
ကိုစောရန်ပိုင်သည် 2010 မှာ IT Career ကိုစတင်ခဲ့ပြီး Local Bank တစ်ခုတွင် IT Engineer အဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် 2014 ခုနှစ်တွင် Telecom Vendor တစ်ခုဖြစ်သော Huawei Technologies တွင် Datacom Engineer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး MPT KSGM project, Telenor Project နှင့် Viettel Trial Project များတွင် ပါဝင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 2016 ခုနှစ် မှစတင်ကာ ISP အသစ်များဖြစ်သော Myanmar Speed Net, Marga Global Telecom ကွန်ယက်အသစ် တည်ဆောက်မှုများ တွင် Technical Manager အဖြစ် တာဝန်ယူထမ်းဆောင် ခဲ့ပြီး 2019 မှ 2020 အထိ Fortune Telecom (ISP) တွင် Chief Engineer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံဧ။် ပထမဦးဆုံး Internet Exchange ဖြစ်သော MMIX တည်ထောင်ရာတွင်လည်း Chief Engineer အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး Technical နှင့် သက်ဆိုင်သည်များကို ယနေ့ထိတိုင် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် Optimity Co Ltd တွင် Solution architect အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး မြန်မာပြည်ဧ။် ICT sector ကို ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ နည်းပညာပိုင်းများအား ဝေမျှမှု အနေဖြင့် အခါအားလျော်စွာ ကျင်းပသော MMNOG , MMIX forum နှင့် MMIX workshop များတွင်လည်း Trainingများ Tutorial များပို့ချပေးလျက်ရှိပါသည်။