Instructor
ကိုစိုင်းဉာဏ်လင်းဆွေသည် 1999 ခုနှစ်တွင် Programmer အနေဖြင့် ACE Data Systems တွင်စတင်ဝင်ရောက်ခဲ့ပါသည်။ 2003 တွင် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ B.E(Electronics) ဘွဲ့ ကိုရရှိခဲ့ပါသည်။ ၎င်းနောက် Bagan Cyber Tech ၊ SPA Design တို့တွင် Network Engineer ၊ System Administrator အဖြစ်လုပ်ကိုင်ခဲ့ပါသည်။
2005 ခုနှစ်တွင် Singapore နိုင်ငံသို့ပြောင်းရွှေ့နေထိုင် ခဲ့ပြီး SingTel ၊ TA TA Communications ၊ M1 ၊ International SOS အစရှိသည့် Regional ISP ၊ Global ISP နှင့် Health Care Provider တို့တွင် Data Center Engineer ၊ Senior Network Engineer ၊ Subject Matter Expert စသည်ဖြင့်လုပ်ကိုင်ခဲ့ပါသည်။
2014 ခုနှစ်မှစ၍ အပတ်စဉ် Weekends တိုင်း မြန်မာပြည်သို့ပြန်လာ၍ CCNA, CCNP, CCIE အစရှိသည့် Networking Training များကို ပို့ချခဲ့ပါသည်။ 2016 ခုနှစ် မှစ၍ CCIE Expert Level သင်တန်းများကိုသာ သင်ကြားပြသခဲ့ပါသည်။
2016 ခုနှစ်တွင် မြန်မာနိုင်ငံသို့ပြန်လည်အခြေချနေထိုင်ခဲ့ပြီး OPTIMITY Co. Ltd ကိုစတင်၍ မြန်မာပြည် ICT Sector အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကိုစိုင်း ဉာဏ်လင်းဆွေသည် MCSE ၊ CCIE ( R&S, Service Provider,Data Center) အစရှိသည့် Certifications များကိုရရှိထားပါသည်။